Security Tip

 

1.General Security Guidelines

KBZ online banking platform is a developed by the Kanbawza Bank (KBZ) to provide our customers with secure and reliable banking services. At KBZ Bank, we are using the latest online security measures to safeguard your money, your personal information and your privacy on our servers. However there are steps you need to take some precautions to ensure your account information and credentials are not compromised from your mobile devices and computers. Please refer to below recommended practices.

To Check Digital Certificate

Check the digital certificate to verify the authenticity of the log-in page. A green indicator will be displayed in the address bar to confirm that you are visiting a secured website. This indicator varies for different browsers but it will always appear in one form or another if the site is secure. The following URL is a secure internet banking website of KBZ.

To Create Strong and Unique passwords

You must be used strong password and it should not be based on username, personal telephone number, birthday or any other personal information. Password must be memorized and not be recorded anywhere.

To Protect Your Identity

  • The same KBZ internet banking password must not be used for other financial or non-financial web-based services such as facebook, email, online shopping and other online subscription services. Avoid storing Username/ Password in browsers.
  • Never give your personal details and banking information to anyone. Keep your Log-in details secret. No KBZ bank employee is allowed to ask you for your personal information.
  • Do not respond to any email or phone call asking for your password credentials, security questions answers, One-time-password (OTP) by identifying oneself as KBZ official management, no matter how official looking or authentic the communication may appear to be. Please always know that KBZ bank will never ask you for these information.

To Protect Your Computer and Mobile Devices

  • Protect your PC and mobile devices from viruses and malicious programs. Install a comprehensive firewall, antivirus and anti-spyware software package on your computer. These software suites help detect and remove viruses and spyware that can steal vital information.
  • Carry out regular virus checks on your devices and have the latest operating system and web browser installed.

2.Identity Threat

Phishing, Smishing and Keylogging are the ways that fraudsters could initiate identity theft. Obviously, the best way to protect yourself and your cash is to understand what they are doing and how to prevent them.

Phishing

Phishing is a form of electronic fraud where your personal details and banking information is collected. Fraudsters can collect your personal information by email or by calling in the following ways:
  • Fraudster persuades you to a fake KBZ website using a link in an electronic communication like an email. When you click the link from email, the link pretends to be from a legitimate website and usually asks for your confidential banking and personal information (username, password, OTP, token password, etc.)
  • Fraudster persuades you by making a call and acts as KBZ bank employee and trying to get personal information such as username, password, token password and etc.

Smishing

Smishing is a form of phishing. A fraudster sends you an SMS trying to collect personal information in different ways:
  • The fraudster might advise you that a bank official will be calling you to confirm your information, including any of your passwords (KBZ will never ask you for this information). A fraudster then calls you soon after sending the SMS.
  • The fraudster might ask you to respond by SMS with certain personal information.

Keyloggers

Sometimes fraudsters do attach small devices called keyloggers to computers. By installing this device, they will gain physical access to your computer and records everything that you type on your keyboard. By doing this, they can obtain your username and password.

3.Common Tips

Phishing, Smishing and Keylogging are the ways that fraudsters could initiate identity theft. Obviously, the best way to protect yourself and your cash is to understand what they are doing and how to prevent them.

  • Do not open strange or unfamiliar emails and never click on attachments or links in that unknown email. (Poor grammar and incorrect spelling is usually an indication that any email you receive should be treated with extreme caution).
  • Do not use public or internet cafe computers to access internet banking or perform financial transactions. Because fraudsters may use sophisticated software called spyware to record the keystrokes on your computers and the information is being sent to the fraudsters to analyze the data and identify the username and password.
  • Please check your bank account balance and transactions frequently and report any discrepancy.
  • If you lose your mobile phone or secure token, please contact immediately to our KBZ bank.

4.Mobile Device

Phishing, Smishing and Keylogging are the ways that fraudsters could initiate identity theft. Obviously, the best way to protect yourself and your cash is to understand what they are doing and how to prevent them.

You are advised not to access Online Banking by using 'jailbroken' or 'rooted' mobile devices, as it may poses potential risk of malicious software infection.
You are advised to only download the Mobile Banking application from authorized sources such as Apple App Store or Google Play.

၁။ အထွေထွေ လုံခြုံရေး လမ်းညွှန်

ကမ္ဘောဇ ဘဏ်၏ online banking platform သည် ကမ္ဘောဇဘဏ် (KBZ) မှ customers များအတွက် online banking service များပြုလုပ်ရာတွင် လုံခြုံစိတ်ချရအောင် ဆောင်ရွက်ပေးနိုင်အောင် ပြုလုပ်ထားသော online banking ၀က်ဆိုဒ် တစ်ခုဖြစ်ပါသည်။ KBZ ဘဏ်တွင် နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာများဖြင့် သင်၏ ကိုယ်ပိုင်အချက်အလက်များနှင့် ငွေကြေးများကို လုံခြုံစိတ်ချရအောင် ၀န်ဆောင်မှုပေးနေပါသည်။ သို့ရာတွင် သင်၏ account information နှင့် အခြား ကိုယ်ရေးအချက်အလက်များကို သင့်၏ မိုဘိုင်းဖုန်းများနှင့်ကွန်ပြူတာများမှတဆင့် ခိုးယူခြင်း မဖြစ်နိုင်ရန် သိရှိရမည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Digital Certificate အားကြည့်ရန်

Log-in ၀င်သော page ကိုစစ်မှန်ကြောင်း အတည်ပြုနိုင်ရန် digital certificate အား ကြည့်ရှုရပါမည်။ ၀က်ဆိုဒ် ၏ ထိပ်တွင် စိမ်းနေသော ညွှန်ပြချက်တစ်ခု တွေ့ မှသာ ၎င်း ၀က်ဆိုဒ် သည် KBZ ဘဏ်၏ လုံခြုံ၍ စစ်မှန်သော ၀က်ဆိုဒ်ဖြစ်ကြောင်းအတည်ပြုနိုင်မည်ဖြစ်ပါသည်။ သို့ ရာတွင် အသုံးပြုသော browser ပေါ်မူတည်၍ ၎င်းအစိမ်းရောင် ညွန်ပြချက်သည် ၀က်ဆိုဒ်စစ်မှန်ကြောင်း ပုံစံ အမျိုးမျိုးပြောင်းလဲ၍ ဖော်ပြနေနိုင်ပါသည်။ KBZ online banking ၏ လုံခြုံသော ၀က်ဆိုဒ် link မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
https://ibanking.kbzbank.com

Strong password အား ဖန်တီးရန်

• သင်သည် Strong password အားဖန်တီးရန် အတွက် မိမိ၏ username၊ ကိုယ်ပိုင် တယ်လီဖုန်းနံပါတ်၊ မွေးနေ့ သို့မဟုတ် အခြားကိုယ်ရေးအချက်အလက်များအား အသုံးပြုရန် ရှောင်ကြဉ်ရပါမည်။ Password အား ကျက်မှတ်၍ အခြားမည့်သည့်နေရာတွင်မှ ချမှတ်ခြင်း မပြုလုပ်သင့်ပါ။

သင် ၏ ကိုယ်ရေးအချက်အလက်များ ကာကွယ်ရန်

  • သင်သည် KBZ internet banking password အား အခြား ငွေကြေး နှင့် သက်ဆိုင်သော သို့မဟုတ် ငွေကြေးနှင့် မသက်ဆိုင်သော ၀က်ဆိုဒ် များတွင် ဥပမာ facebook၊ အီးမေး၊ online ဈေးဝယ်ခြင်း ၀က်ဆိုဒ်များ၊ အခြား online နှင့်သက်ဆိုင်သော ၀က်ဆိုဒ်များတွင် password ပုံစံတူပေးခြင်းအား ရှောင်ကြဉ် ရပါမည်။ သင်၏ username နှင့် password အား browser တွင် မှတ်သား သိမ်းဆည်းခြင်း ရှောင်ကြဉ် ရပါမည်။
  • သင်၏ ကိုယ်ပိုင်အချက်အလက်နှင့် ဘဏ်နှင့်သက်ဆိုင်သော အချက်အလက်များအား အခြားသူများအား အသိပေးခြင်း ရှောင်ကြဉ်ပါ။ log-in ၀င်သော အချက်အလက်များကို လုံခြုံအောင် သိမ်းဆည်းပါ။ KBZ ဘဏ်၏ ၀န်ထမ်းသည် သင်၏ ကိုယ်ပိုင်အချက်အလက်များကို မေးမြန်းမည် မဟုတ်ကြောင်း သတိပြုပါ။
  • အကယ်၍ အီးမေး သို့မဟုတ် ဖုန်း call တစ်ခုသည် သင်၏ password အကြောင်းအရာ၊ သင်၏ security questions အမေးအဖြေ ၊ one time password (OTP) အား KBZ ဘဏ်မှ တာဝန်ရှိသူဝန်ထမ်း အဖြစ် ဟန်ဆောင်၍ မေးပါက မည်မျှပင် ၎င်းသည် တာဝန်ရှိသူ အနေဖြင့် တူစေကာမူ KBZ ဘဏ်မှ ၀န်ထမ်းများသည် ယင်းအချက်အလက်များကို လုံးဝ မေးမြန်းမည်မဟုတ်ကြောင်း သတိပြုရမည် ဖြစ်ပါသည်။

သင်၏ ကွန်ပြူတာ နှင့် မိုဘိုင်းပစ္စည်းများအား ကာကွယ်ရန်

  • သင်၏ ကွန်ပြူတာ နှင့် မိုဘိုင်းပစ္စည်းများအား ဗိုင်းရပ်စ်နှင့် အခြား အန္တရာယ်ရှိ ပရိုဂရမ် များမှ ကာကွယ်ရန် သက်ဆိုင်ရာ firewall,antivirus software တွေကို install လုပ်ထားရန် လိုအပ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ၎င်း software များသည် ဗိုင်းရပ်စ် နှင့် ကိုယ်ပိုင် အရေးကြီးအချက်အလက်များအားထောက်လှန်းခိုးယူရာတွင်အသုံးပြုသောအခြားsoftwareများကိုသင်၏ ကွန်ပြူတာနှင့်မိုဘိုင်းများ ပေါ်မှဖယ်ရှားကာကွယ်ပေးနိုင်သောကြောင့်ဖြစ်သည်။
  • သင့်၏ ကွန်ပြူတာနှင့်မိုဘိုင်းဖုန်းများတွင် ဗိုင်းရပ်စ် ရှိမရှိ အမြဲစစ်ဆေးပြီး windows operating system နှင့် web browser များကို အမြဲ latest ဖြစ်အောင် install ထားရမှာ ဖြစ်ပါသည်။

၂။ ကိုယ်ပိုင်အချက်အလက်များကို ခြိမ်းခြောက်မှု

Phishing ၊ Smishing နှင့် Keylogging စသောနည်းပညာများကို အသုံးပြုခြင်းဖြင့် မသမာသူများ သည် သင်၏အရေးကြီးသောအချက်အလက်များကိုခိုးယူပိုင်ဆိုင်နိုင်ပါသည်။ ၎င်း နည်းပညာဆိုင်ရာ တိုက်ခိုက်မှုများမှ သင်၏ အချက်အလက် နှင့် ငွေကြေးများ ကိုကာကွယ်ရန် မည်သို့ ကာကွယ်ရမည် ဆိုတာကို သိရှိရန်လိုအပ်ပါသည်။

Phishing

Phishing ဆိုသည်မှာ သင့်၏ ကိုယ်ပိုင်အချက်အလက်များ နှင့် ဘဏ်နှင့်သက်ဆိုင်သော အချက်အလက် များကို အီလက်ထရောနစ်နည်းပညာဖြင့် ခိုးယူပိုင်ဆိုင်နိင်သော နည်းပညာ တစ်ခုဖြစ်သည်။ မသမာသူများသည် သင်၏ ကိုယ်ပိုင်အချက်အလက်များကို အီးမေး သို့ မဟုတ် ဖုန်း မှတဆင့် အောက်ပါ အတိုင်းရယူ နိုင်ပါသည်။
  • မသမာသူများသည် အီးမေးမှ တဆင့် အတုပြုလုပ်ထားသော KBZ ဘဏ်၏ online banking ၀က်ဆိုဒ် link ကို ပေးပို့၍ သင့်ဆီမှ အချက်အလက်များကိုရယူနိုင်ပါသည်။ သင်သည် ၎င်း အီးမေးမှ link အားနိပ်လိုက်သည်နှင့်တပြိုင်နက် KBZ ဘဏ်၏ online banking ၀က်ဆိုဒ် ပုံစံပြုလုပ်ထားသော ၀က်ဆိုဒ် အတုသို့ ရောက်ရှိနိုင်ပြီး သင့်၏ အရေးကြီးသော ဘဏ်နှင့်သက်ဆိုင်သည့် ကိုယ်ပိုင်အချက်အလက်များ ဥပမာ username ၊ password ၊ token password စသည့် အချက်အလက်များကို ရိုက်သွင်းလိုက်သည် နှင့်တပြိုင်နက် မသမာသူများမှ ရယူသွားနိုင်ပါသည်။
  • မသမာသူများသည် သင့်ထံသို့ KBZ ဘဏ်မှ တာဝန်ရှိသူဝန်ထမ်းတစ်ယောက်အနေဖြင့် ဖုန်းခေါ်ဆို၍ သင်၏ ကိုယ်ပိုင်အချက်အလက်များ ဥပမာ username ၊ password ၊ token password တို့  ကိုမေးမြန်း၍ ရယူသွားနိုင်ပါသည်။

Smishing

Smishing သည်လည်း phishing ကဲ့သိုပင်ဖြစ်ပါသည်။ မသမာသူများသည် သင်ထံသို့  SMSပေးပို့ခြင်းဖြင့် သင့်၏ ကိုယ်ပိုင်အချက်အလက်များကို အောက်ပါအတိုင်း ရယူခြင်း ဖြစ်သည်။
  • မသမာသူများသည် သင်ထံသို့  KBZ ဘဏ်မှ တာဝန်ရှိသူတယောက်အနေဖြင့် ဟန်ဆောင်၍ မကြာခင်တွင် သင်ထံသို့ဖုန်းခေါ်ဆိုမှု တစ်ခုရောက်ရှိမည်ဖြစ်ပြီး သင်၏ ကိုယ်ပိုင်အချက်အလက်နှင့် password များကိုတောင်းဆိုမည် ဖြစ်ကြောင်း SMS အရင် ပေးပို့ပါလိမ့် မည်။ ၎င်းသည် မကြာမီ အချိန်အတွင်း ဖုန်းခေါ်ဆိုပါလိမ့်မည်။ (KBZ ဘဏ်မှ ၀န်ထမ်းများသည် သင်၏ ကိုယ်ပိုင်အချက်အလက်များကို မေးမြန်းမည်မဟုတ်ကြောင်းသတိပြုပါ။)
  • မသမာသူများသည် သင့်ကို SMS ဖြင့်သာ ဆက်သွယ်၍ သင်၏ ကိုယ်ပိုင်အချက်အလက်များကို မေးမြန်းနိုင်ပါသည်။

Keyloggers

တခါတရံတွင် မသမာသူတို့သည် keyloggers ဟုခေါ်သော သေးငယ်သောပစ္စည်းကို ကွန်ပြူတာများပေါ်တွေတပ်ဆင်ပါသည်။ ယင်းကို တပ်ဆင်ခြင်းအားဖြင့် မသမာသူတို့သည် သင်အသုံးပြုနေသော ကွန်ပြူတာတွင် ကြည့်ရှုနေသော အချက်အလက်ကိစ္စများနှင့် keyboard ပေါ်တွင် ရိုက်နှိပ်လိုက်သည် များကို ကြည့်ရှုခွင့်ရရှိမည် ဖြစ်ပြီး ထိုမှတဆင့် သင့်၏ ကိုယ်ပိုင်အချက်အလက်များနှင့် password များကိုရရှိအသုံးပြုနိုင်မည် ဖြစ်သည်။

၃။ အခြေခံ သိရှိရမည့် အချက်အလက်များ

Phishing, Smishing and Keylogging are the ways that fraudsters could initiate identity theft. Obviously, the best way to protect yourself and your cash is to understand what they are doing and how to prevent them.

  • မိမိနှင့်မသိရှိသောသူတို့မှ ပေးပို့သော အီးမေးများနှင့် ၎င်း အီးမေးတို့တွင် ပါဝင်သော attachmentsများ ၊ links များ ကို နှိပ်၍ ကြည့်ရှုခြင်းနှင့် ဖတ်ရှုခြင်းတို့ ကို ရှောင်ကြဉ် ပါ။(ညံဖျင်းသော grammar အရေးအသားနှင့် စာလုံးပေါင်းသတ်ပုံများ မှားယွင်းစွာ ပါရှိသည့် အီးမေးများသည် အဓိကရှောင်ကြဉ်ရန် လိုအပ်သော အီးမေးများဖြစ်ကြောင်းညွန်ပြခြင်းဖြစ်သည်။)
  • အများနှင့်သက်ဆိုင်သောနေရာများ၊ အင်တာနက် ကဖီးဆိုင်များမှ internet banking ၀က်ဆိုဒ် ကို အသုံးပြုခြင်းနှင့် transaction ပြုလုပ်ခြင်းကို အထူးရှောင်ကြဉ်ပါ။ အဘယ်ကြောင့်ဆိုသော် မသမာသူတို့သည် ၎င်းနေရာများမှ spyware ဟုခေါ်သော ဆော့စ်ဝဲ များကိုထည့်သွင်းထားခြင်းဖြင့် သင်၏ username နှင့် password များကို ယင်းကွန်ပြူတာများထဲတွင် မှတ်ယူထားနိုင်သောကြောင့်ဖြစ်သည်။
  • သင်၏ ဘဏ်ထဲတွင်ရှိသော balance နှင့် transactions များကို မကြာခဏ စစ်ဆေးပြီး သံသယရှိစရာများကို တွေ့ ရှိက KBZ ဘဏ်ကိုအမြန်ဆုံးအကြောင်းကြားပါ။
  • သင့်၏ မိုဘိုင်းဖုန်း သို့မဟုတ် secure token ပျောက်ဆုံးပါက KBZ ဘဏ်သို့ အမြန်ဆုံးဆက်သွယ်ပါ။

၎။ မိုဘိုင်း device များကို ကာကွယ်ခြင်း

သင်သည် online banking ပြုလုပ်ရာတွင် jailbreak ပြုလုပ်ထားသော ios device များ သို့မဟုတ် root ဖောက်ထားသော android device များပေါ်တွင် အသုံးပြုခြင်းကို ရှောင်ကြဉ်ရပါမည်။ ထိုကဲ့သို့သော မိုဘိုင်း device များသည် ဗိုင်းရစ်များနှင့် အခြားအန္တရာယ်ရှိ ဆော့စ်ဝဲများကပ်ညှိနေနိုင်သောကြောင့်ဖြစ်သည်။

သင်သည် မိုဘိုင်း banking application များအသုံးပြုရာတွင် တရားဝင် ဒေါင်းလုပ်ဆွဲယူရန်နေရာများဖြစ်သော Apple App Store သို့ မဟုတ် Google Play တို့ မှသာ ဒေါင်းလုပ်ဆွဲယူရန်သတိပြုပါ။
2017 © KBZ Bank Limited. All Rights Reserved.